ကျွန်ုပ်၏ SBOTOP အကောင့်ထဲသို့ Skrill (Moneybookers) အကောင့်တစ်ခုဖြင့် ငွေသွင်းရန်အတွက် Skrill (Moneybookers) အကောင့် ရရှိရန် မည်သို့ မှတ်ပုံတင်ရမည်နည်း။

ယူနိုက်တက်ကင်းတန်း (UK) ရှိ ဘဏ္ဍာရေးဝန်ဆောင်မှုအာဏာပိုင်အဖွဲ့အစည်း(FSA)၏ ကြီးကြပ်မှုဖြင့် Moneybookers.comသည် အွန်လိုင်း ငွေပေးချေမှုနှင့် ငွေလွှဲခြင်းဝန်ဆောင်မှုများကို ယူနိုက်တက်ကင်းတန်း (UK) နှင့် ဥရောပသမဂ္ဂ (EU) ဥပဒေများ၏ အခွင့်အရ ဆောင်ရွက်သည်။ SBOTOP သည် အကြွေးနှင့်ငွေကြိုသွင်းကဒ် ပေးချေမှုများကို Skrill မှတဆင့်ဆောင်ရွက်သည်။ Customer များအား ကမ္ဘာအနှံ့ရှိ ငွေကြေးစနစ် (၃၀) မျိုးကို လက်ခံပြီးငွေပို့ခြင်း၊ လက်ခံခြင်းများ ဆောင်ရွက်ခွင့်ပြုသည်။ Skrill ကိုသုံး၍ သင်၏ အကြွေးကဒ် (သို့မဟုတ်) ငွေကြိုသွင်းကဒ် (သို့မဟုတ်) ဘဏ်အကောင့်မှငွေများကို အီးမေးလ် မှတဆင့်ပို့နိုင်သည်။ အင်တာနက်မှ ဈေးဝယ်နိုင်သည်၊ အီးမေးလ်မှတဆင့် ငွေကောက်ခံနိုင်သည်။ သင့်အနေဖြင့် သင်၏ SBOTOP အကောင့်ထဲသို့ ငွေသွင်းနိုင်ရန်အတွက် Skrill အကောင့် တစ်ခုကို အခမဲ့ဖွင့်၍ မှတ်ပုံတင်နိုင်သည်။

Skrill အကောင့်တွင် မှတ်ပုံတင်ရန်အတွက် ကျေးဇူးပြု၍ အောက်တွင်ဖော်ပြထားသည့်အတိုင်း အဆင့်ဆင့် ဆောင်ရွက်ပါ။

  1. www.moneybookers.com ဝက်ဘ်ဆိုက်သို့သွားပါ။ ပြီးလျှင် ဆိုင်းအပ် (SIGN UP) ခလုတ်ကိုနှိပ်ပါ။
  2. လိုအပ်သော အချက်အလက်များကိုဖြည့်ပါ။

    အီးမေးလ် အီးမေးလ်သည် သင်၏ Skrill အကောင့်နံပါတ်ဖြစ်ပြီး လူတစ်ဦးလျှင် တစ်ခုသာရှိရမည်ဖြစ်သည်။

    နေထိုင်သည့်နိုင်ငံ Skrill အကောင့်သို့ ငွေသွင်းခြင်း (သို့မဟုတ်) ငွေပို့ခြင်းလုပ်လိုသော နိုင်ငံကိုရွေးပါ။

  3. ပုံတွင်ဖော်ပြထားသော လုံခြုံမှုနံပါတ်ပုံကို ကြည့်၍ ထိုနံပါတ်အတိုင်းဖြည့်ပြီး NEXT ခလုတ်ကိုနှိပ်ပါ။

    လုံခြုံမှုနံပါတ်သည် စက်ဖြင့် အလိုအလျောက်သင့် အကောင့်အား လော့ဂ်အင် (Login) ပြုလုပ်ခြင်းမှ ကာကွယ်ရန်ဖြစ်ပါသည်။

    အတည်ပြုသည့် အီးမေးလ်ကို သင် မှတ်ပုံတင်ခြင်းပြုလုပ်ပြီးသည်နှင့်တပြိုင်နက် ပို့ပေးလိမ့်မည်။ ထိုအီးမေးလ် လင့်ခ် (link) ကိုနှိပ်၍ သင်၏ အီးမေးလ်လိပ်စာ ကိုအတည်ပြုပါ။

  4. အတည်ပြုသည့် လင့်ခ် (link) သည် (၂၄) နာရီအတွင်း၌သာ တရားဝင်သည်။

  5. အီးမေးလ်လိပ်စာ ကိုအတည်ပြုပြီးသည်နှင့် ကိုယ်ရေးအချက်အလက်အသေးစိတ် (Personal Details) စာမျက်နှာသို့ ရောက်သွားလိမ့်မည်။ သင်၏ ကိုယ်ရေးအချက်အလက်များကို ဖြည့်ပါ။

    ပထမ နှင့် နောက်ဆုံးအမည် - မည်သည့် ဘဏ်အကောင့် (သို့မဟုတ်) အကြွေးကဒ် (သို့မဟုတ်) ငွေကြိုပေးကဒ် တွင်မဆို ပေးထားသည့် နာမည် အတိအကျ တူရမည်။

    မွေးသက္ကရာဇ် - သင်၏မွေးသက္ကရာဇ်သည် တိကျရမည်ဖြစ်ပြီး ကာကွယ်မှုအတိုင်းအတာအနေဖြင့် ၎င်းကို တောင်းခံမည် ဖြစ်သည်။

  6. ဆက်လက်ဆောင်ရွက်ရန် Next ကိုနှိပ်ပါ။
  7. အတည်ပြုခြင်းစာမျက်နှာတွင် ဖော်ပြထားသော သင်၏ အချက်အလက်များ မှန်/မမှန် စစ်ဆေးအတည်ပြုပါ။

    အကောင့် အမျိုးအစားပြောင်းခြင်း - သင်၏ အကောင့် အမျိုးအစားနှင့်ပတ်သက်သည့် အချက်အလက်များကို အကောင့်အမျိုးအစားပြောင်းခြင်း (Change account type) တွင် ပြောင်းလဲနိုင်သည်။

    အသေးစိတ်ကိုယ်ရေးအချက်အလက်များပြောင်းလဲခြင်း - သင်၏ ကိုယ်ရေးအချက်အလက်များကို ပြင်ဆင်လိုပါက ကိုယ်ရေး အသေးစိတ် အချက်အလက်ပြောင်းခြင်း (Change personal details) တွင် ပြောင်းလဲနိုင်သည်။

  8. www.moneybookers.com မှပေးသော အရောင်းမြှင့်တင်ရေးအစီအစဉ်များကို ရနိုင်သည်။ ရယူနိုင်ရေးအတွက် ပထမဆုံး checkbox ကိုရွေးပါ။ (ရွေးလိုပါက)
  9. Skrill ၏ စည်းမျဉ်းစည်းကမ်းများနှင့် အချက်အလက်ကာကွယ်မှု၊ အဖွဲ့ဝင်များ၏အခြေအနေနှင့် မူပိုင်ခွင့်အသိပေးချက်များကို သဘောတူလက်ခံကြောင်း သေချာစေရန် Skrill’s General Terms & Conditions of Membership and Privacy Policy ဟုဖော်ပြထားသော checkbox ကို ရွေးပါ။ ပြီးလျှင် ဆက်လက်ဆောင်ရွက်ပါ။
  10. ဆက်လက်ဆောင်ရွက်ရန် Confirm registration ခလုတ်ကိုနှိပ်ပါ။

    Skrill အကောင့် ထဲသို့ အလိုအလျောက် လော့ဂ်အင် (login) ဝင်ပြီးသားဖြစ်သွားလိမ့်မည်။

Skrill အကောင့် ထဲသို့ လော့ဂ်အင် (login) ဝင်ရန်နှင့် လိုအပ်သည်များစီမံနိုင်ရန်အတွက် အောက်တွင်ဖော်ပြထားသော အဆင့်များအတိုင်း ဆောင်ရွက်ပါ။

  1. www.moneybookers.com  ဝက်ဘ်ဆိုက်သို့သွားပါ။ ပြီးလျှင် လော့ဂ်အင် (LOGIN) ခလုတ်ကိုနှိပ်ပါ။
  2. Skrill အကောင့်ကို မှတ်ပုံတင်စဉ် အချိန်က ပေးခဲ့သော အီးမေးလ် နှင့် လှို့ဝှက်နံပါတ် ကိုဖြည့်ပါ။
  3. ပုံတွင်ဖော်ပြထားသောလုံခြုံရေးနံပါတ်ကိုထည့်ပါ။ ဆက်လက်ဆောင်ရွက်ရန် လော့ဂ်အင် (Login) ကိုနှိပ်ပါ။

    လုံခြံမှုနံပါတ်သည် သင့်၏အကောင့်အား အလိုအလျောက် လော့ဂ်အင်(Login) ပြုလုပ်ခြင်းမှ ကာကွယ်ရန်ဖြစ်ပါသည်။

ကျွန်ုပ်၏ အကောင့်

သင်သည် ကျွန်ုပ်၏ အကောင့် (My Account) စာမျက်နှာတွင် သင်၏ Skrill အကောင့် နှင့်ပတ်သက်သော အချက်အလက် အကျဉ်းချုုပ်ကို ကြည့်နိုင် သည်။ သင်ဆောင်ရွက်ထားခဲ့သော ငွေသွင်း/ငွေထုတ်ကိစ္စများ မှတ်ထားသော မှတ်တမ်းကို ပြန်လည်ကြည့်ရှုနိုင်သည်။ သင်၏ ကိုယ်ရေးအချက်အလက် အကျဉ်းကို ပြင်ဆင်နိုင်သည်။ သင်၏ ငွေသွင်း/ငွေထုတ်ကိစ္စများ ဆောင်ရွက်မှု အရေအတွက်ကို ပြန်ညှိနိုင်သည်။ သင်၏ Skrill လျှို့ဝှက်နံပါတ်ကို ပြောင်းလဲ နိုင်ပြီးလိုအပ်လျှင် အီးမေးလ် မှတဆင့် အကူအညီရယူနိုင်သည်။

  • အကျဉ်းချု့ပ် - သင်၏ Skrill အကောင့်နှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များ (ဥပမာ- သင့်အကောင့်အခြေအနေ၊ ကန့်သတ်ချက်) ကို ကြည့်ရှုနိုင်သည်။
  • ရာဇဝင် - History စာမျက်နှာတွင် သင်ဆောင်ရွက်ထားခဲ့သော ငွေသွင်း/ငွေထုတ်ကိစ္စများ မှတ်ထားသောမှတ်တမ်းကို ပြန်ကြည့်နိုင်သည်။ ဘယ်သည့်ရက်နှင့်မည်သည့်ရက်အကြား (သင်သတ်မှတ်သည့် ကာလအပိုင်းအခြား) တွင် သင်မည်မျှ ဆောင်ရွက်ထားခဲ့သည်များကိုလည်းလိုသလိုရွေးချယ်သတ်မှတ်၍လည်း ကြည့်နိုင်သည်။
  • အကောင့်ပိုင်ရှင်၏ ကိုယ်ရေးအချက်အလက် - သင်၏ ကိုယ်ရေးအချက်အလက်များကို ကြည့်နိုင်၊ ပြင်ဆင်နိုင်သည်။ ဥပမာ- ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ။ သင်၏ Skrill အကောင့်သို့ အကြွေးကဒ် မှ (သို့မဟုတ်) ငွေကြိုသွင်းကဒ်မှ (သို့မဟုတ်) ဘဏ်အကောင့်မှ ငွေသွင်းနိုင်သည်။
  • ကန့်သတ်ချက်များ ကြည့်ရှုခြင်း - သင်၏ လက်ရှိဆောင်ရွက်ထားသော ငွေသွင်း/ငွေထုတ်ကိစ္စ အရေအတွက် ကန့်သတ် ချက်များကြည့်ရှုနိုင်ပြီးသင်၏ တရားဝင် သတ်မှတ်ထားသော အမည်နှင့်လိပ်စာ၊ တရားဝင်/မဝင် သတ်မှတ်သည့် နည်းလမ်းများကို ကြည့်နိုင်သည်။
  • လျှို့ဝှက်နံပါတ်ပြောင်းခြင်း - သင်၏ Skrill အကောင့်အတွက် လျှို့ဝှက်နံပါတ်ကို ဤနေရာတွင် ပြောင်းနိုင်သည်။
  • အီးမေးလ် အထောက်အပံ့ - Skrill Support Centre မှအကူအညီကို အီးမေးလ်မှတဆင့် ရရှိနိုင်သည်။

ငွေပို့ခြင်း

သင်သည် Send Money စာမျက်နှာတွင် ငွေလက်ခံမည့်သူ၏ အီးမေးလ်လိပ်စာ၊ ငွေပမာဏ နှင့် ငွေကြေးစနစ်ကို ထည့်ပေး ခြင်းအားဖြင့် ငွေပို့နိုင်သည်။ နှစ်သက်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ရွေးချယ်ခြင်းဖြင့် သင်ပြုလုပ်လိုသောအစီအစဉ် (သို့မဟုတ်) ထပ်တလဲလဲပြုလုပ်လိုသော ငွေပေးချေမှု နှင့် အက်စ်ခရိုး (escrow) ပေးချေမှုများဆောင်ရွက်နိုင်သည်။

ငွေထည့်ခြင်း

Upload Funds စာမျက်နှာတွင် ဘဏ်ငွေလွှဲခြင်း၊ အကြွေးကဒ် (သို့မဟုတ်) eNETSတို့မှ တစ်နည်းနည်းဖြင့် ငွေထည့်နိုင်သည်။

  • ဘဏ်ငွေလွှဲခြင်း - ဘဏ်မှတဆင့် သင်၏ Skrill အကောင့်ထဲသို့ ငွေသွင်း/ငွေထုတ်ကိစ္စအတွက် အသုံးပြုသော သက်သေခံအိုင်ဒီတစ်ခုကိုသုံးပြီး ငွေလွှဲပြောင်းနိုင်သည်။
  • အကြွေးကဒ် - သင်၏ အကြွေးကဒ်ကို မှတ်ပုံတင်နိုင်ပြီး Skrill အကောင့်ထဲသို့ အဆိုပါကဒ်ကို အသုံးပြုပြီးငွေထည့်နိုင် သည်။
  • eNETS - အီလက်ထရောနစ် ငွေကြေးစနစ် ငွေပေးချေမှုဖြင့် သင်၏ Skrill အကောင့်ထဲသို့ငွေထည့်နိုင်သည်။

အခြားအကြောင်းအရာများ

  • ဈေးဝယ်ခြင်း - မတူညီသောဈေးဆိုင်အမျိုးမျိုးမှ လိုအပ်သည်များ ဝယ်နိုင်သည်။
  • ဝန်ဆောင်မှုများ - စာတိုပေးပို့ခြင်း၊ ဖက်စ်ပို့ခြင်း (သို့မဟုတ်) အခြားငွေအသုံးပြုခြင်း၊ လေလံတင်ခြင်း၊ အက်စ်ခရိုး (escrow)၊ မိုဘိုင်းနှင့် ပတ်သက်သော ဝန်ဆောင်မှုများကို Skrill ဝန်ဆောင်မှုဖြင့် ဆောင်ရွက်နိုင်သည်။
  • ငွေထုတ်ခြင်း - သင်၏ Skrill အကောင့်မှ လက်ရှိငွေထုတ်သည့် အရေအတွက်ကန့်သတ်ချက်ပေါ် မူတည်ပြီးငွေထုတ်နိုင် သည်။
  • လော့ဂ်အောက် - သင်၏ Skrillအကောင့်အသုံးပြုနေရာမှ လော့ဂ်အောက်(Log Out) ပြုလုပ်နိုင်သည်။